Monday, December 12, 2011

ဒေါ်အောင်ဆန်းစုကြည်၏ ဝတ်စားမှုပုံစံ မြန်မာအမျိုးသမီးများအပေါ် လွှမ်းမိုးမှုရှိ

ဖတ်မိတဲ့ မြန်မာ့ယဉ်ကျေးမှုနှင့် သက်ဆိုင်တဲ့ သတင်းပါ၊ ပြည်သူ့အချစ်တော် အမေစုရဲ့ မြန်မာ့ ယဉ်ကျေးမှု အပေါ် ဘယ်လောက် တန်ဖိုးထားတယ်ဆိုတဲ့ အကြောင်းပါ။ လူဆိုတာ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်မှ တန်ဖိုးတတ်တာပါ။  ကိုယ့်တန်ဖိုးကို ချပစ်တာလည်း ကိုယ်တိုင်ပါပဲ။ ကိုယ့်ယဉ်ကျေးမှုကို ဖျက်ဆီးပစ်တာလည်း ကိုယ်ပါပဲ။
လွဲမှားတဲ့ ၀တ်စားဆင်ယင်မှုများကို လိုက်စားခဲ့ရင်/ အဟုတ်ထင်ပြီး အတုယူခဲ့ရင် တခါတလေမှာ ကိုယ့်အန္တရာယ်ကို ကိုယ်တိုင် လက်ယက်ခေါ်သလို ဖြစ်တတ်တယ်။
အဓိကအားဖြင့် အမျိုးသမီးများမှာ ဖြစ်တတ်ပါတယ်။ အမတို့/ ညီမတို့ စိတ်မဆိုးကြနဲ့နော် ခဏခဏဖတ်နေရတဲ့ သတင်းလေးတွေ ကြားနေ/ ဖတ်နေရလို့ ပြောတာပါ။
တန်ဖိုးထားတတ်သူများ တန်ဖိုး တက်ကြပါစေ။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်၏ ဝတ်စား ဆင်ယင်မှုပုံစံကို သဘောကျနှစ်သက်ကြသူများတွင် ၄င်းနှင့်ရွယ်တူ အမျိုးသမီးများသာမက လူငယ်အမျိုးသမီးများပင် ပါဝင်ကြောင်းသိရသည်။ "အမေစုက ဘယ်အချိန် မြင်ရမြင်ရ မြန်မာဆန်ဆန်ပဲ ဝတ်စားဆင်ယင်တယ်။ ကျက်သရေရှိအောင် ဝတ်တတ်တယ်။ အရမ်း စမတ်ကျတယ်"ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် စီးပွားရေးပညာမဟာတန်း တက်ရောက်နေသူ မသီသီလွင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်တုန်းက လန်ဒန်တက္ကသိုလ်မှာလည်းကျောင်းသွားတက်ဖူးတယ်လို့  သိရတယ်။ နောက် နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျခဲ့တာတောင်မှသူဟာ မြန်မာတစ်ဦးဆိုတဲ့စိတ်၊ မြန်မာပြည်ကို ချစ်တဲ့စိတ်အမြဲတမ်းရှိနေတယ်လို့ထင်ပါတယ်။
ဘာလို့လဲဆိုတော့ သူနိုင်ငံခြားမှာ ကျောင်းသွားတက်တဲ့အချိန်တွေမှာရော၊ အိမ်ထောင်ကျတဲ့ အခါတွေမှာရော အရင်တုန်းက ဓာတ်ပုံတွေကို ပြန်ကြည့်လိုက်ရင်မြန်မာ အဝတ်အစားနဲ့ ပဲ တွေ့ ရတယ်။ ဂုဏ်ယူစရာ လည်းကောင်းတယ်ဟု ၄င်းကဆိုသည်။
အချို့သူများက ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်သော အင်္ကျီဒီဇိုင်းများအတိုင်းလိုက်ချုပ်ကြသည်အထိ ရှိသည်ဟုသိရသည်။ အခုနောက်ပိုင်း လိုက်ပြီးချုပ်ကြတာကတော့ ဒေါ်စုဝတ်သလို အရောင်ပြောင်နဲ့ လက်ရှည်ရင်ဖုံးမှာ အပေါ်ထောင့်ကြယ်သီးနေရာမှာ ပန်းထည့်ကြတဲ့ပုံ အချုပ်များတယ်။

ရင်စေပုံတော့သိပ်မချုပ်ကြဘူး။ ဒီဇိုင်းက ရိုးရိုးယဉ်ယဉ်လေးပဲလေ။ အသက်၃၀ အရွယ်တွေရော၊ နောက်၅၀ကျော်တွေရော အရွယ်မျိုးစုံပါပဲ။

လာအပ်ကြတာ။ ကျွန်မတို့ ငယ်ငယ်တုန်းကလည်း (၁၉၉၀ ကျော်နောက်ပိုင်းမှာ) ဒေါ်စုအဆင်ဆိုပြီး သိုးမွေးအင်္ကျီိုကို ရောင်စုံချိတ်လို ပုံစံထိုးပြီးဝတ်ဆင်ကြတာ ကြုံဖူးသေးတယ်ဟု စမ်းချောင်းမြို့နယ် “ဝင်း” စက်ချုပ်ဆိုင်မှ ဒေါ်တင်ခိုင်က ပြောကြားပါသည်။ မြန်မာဆန်စွာ ဝတ်ဆင်သည့်အပြင် ကတ္ထီပါပုံတော် ဖိနပ်သာစီးပြီး ပန်း ပန်လေ့ရှိသဖြင့် မြန်မာ အမျိုးသမီးတဦး၏ ကျက်သရေရှိသောဟန်ပန် အပြည့်ရှိသည်ဟု ဂျာနယ်တစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေသူ အမျိုးသမီးအယ်ဒီတာ တစ်ဦးကဆိုသည်။ "ဒေါ်စု ဝတ်တာက ဘာမှဆန်းဆန်းပြားပြားကြီးတွေမပါဘူး။

ဒါပေမယ့်ပြည်သူက ချစ်တဲ့စိတ်ကြောင့် သူဝတ်ပုံစားပုံတွေ နေထိုင်ပုံတွေကပြည်သူတွေအပေါ် လွှမ်းမိုးမှုရှိတာပါ "။

===================
Source: မန္တလေးအလင်း သတင်းဂျာနယ်မှပြန်လည်ဝေမျှသည်။

Thursday, November 17, 2011

၁၃၇၄ (2012)-ခုနှစ်အတွက် မြန်မာပြက္ခဒိန်

သားသားလေး ဒီနှစ်တော့ မအားတာနဲ့ ကိုယ်တိုင် ပြက္ခဒိန် မရေးဖြစ်တော့ဝူး။ burmeseclassic-ဆိုက်ကထုတ်ဝေထားတဲ့ ဒီနှစ် ပြက္ခဒိန်ကို ကူးယူကာ တိပိဋကယောဆရာတော်ဘုရားကြီး၏ ဓမ္မအဆုံးမသြ၀ါဒ အလင်္ကာများဖြင့် တန်ဆာဆင် ဖြည့်စွက်ပြီး တင်ပေးလိုက်ပါတယ်။

iPad-ပိုင်ရှင်များအတွက် iPad-ထဲမှာ ထည့်သုံးရင်လည်း အဆင်ပြေပါတယ်။
iPad2 Screen-Size-အတိုင်း ပြန်လည် ပြင်ဆင်ထားတာပါ။

မိမိကွန်ပျူတာမှာ အလွယ်တကူကြည့်ဖို့ ပြက္ခဒိန် အသုံးပြုလိုသူများ အောက်မှာ တင်ပေးထားတဲ့ ပုံများပ်ါကို ကလစ်ဖွင့်လိုက်ပါ။ မူရင်းပုံပေါ်လာတဲ့အခါ Right Click-->Save Image As-ကို ကလစ်ပြီး ဒေါင်းယူနိုင်သလို၊ အောက်နားမှာ တင်ပေးထားတဲ့ Attachment-ကနေလည်း ဒေါင်းယူ/ အသုံးပြု/ ပြန်လည်လည်း ထပ်ဆင့် ရှယ်ယာနိုင်ပါတယ်။

 Download Here!

What Are They Doing?

မြန်မာနိုင်ငံမှာ အတူတကွ နေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံး နားလည်နိုင်ကြပါစေ။ ကိုယ့် တိုင်းရင်းသား ညီအစ်ကို အချင်းချင်း ဖြစ်တဲ့ နိုင်ငံရေး မပြေလည်မှုတွေကို ကိုယ့်တိုင်းရင်းသား ညီအစ်ကို အချင်းချင်းပဲ ပြေလည်အောင်ဖြေ ရှင်းနိုင်ကြပါစေ။
နွားကွဲရင်ကျားဆွဲခံရမယ်ဆိုတဲ့ ရှေးလူကြီးတွေရဲ့စကားကို စိတ်မှာ မှတ်ထားကြပါ။
ကိုယ့် ညီအစ်ကို အချင်းချင်း ချနေကြတဲ့ အချိန်မှာ တဖက်က အကြံကြီး ကြံစည်နေသူများ၊ တိုင်းပြည်ကို ရောင်းစားမဲ့ အမျိုးယုတ်၊ သစ္စာဖောက်၊ လောက်ကောင်များရဲ့ အန္တရာယ်ကို နားလည်နိုင်ကြပါစေ။
မြန်မာနိုင်ငံမှာ အတူတကွ နေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံး အချိန်မနှောင်းသေးခင် အချိန်မှီ နားလည်နိုင်ကြပါစေ။
---------------------------------------------------------------------
လူမျိုးရေးနဲ့ ပတ်သက်လို့ ဖတ်သင့်/ လေ့လာသင့်တဲ့ ဆောင်းပါးတစ်ပုဒ်ပါ။
သားသားလေး စုစည်းကာ ပုံများနှင့်တကွ ebook-လုပ်ကာ တင်ပေးလိုက်ပါတယ်။
စာမျက်နှာ (၄၃)မျက်နှာပါ အောက်ပါ PDF-လင့်ခ်ကို ဒေါင်းယူဖတ်စေလိုပါတယ်။
ဖိုင် Size-ကိုလည်း အနည်းဆုံးဖြစ်အောင် ချုံ့ပြီး ဖန်တီးထားပါတယ်။

Download here PDF

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Skull Belt Buckles