Thursday, September 29, 2011

ဖေဖေ သမီးကို မုန့်ဖိုး များများပေးပါနော်


ဖေဖေ . . . သမီး ရေးချိုးပြီးရင် ကျောင်းသွားတော့မယ်. . .မုန့်ဖိုးပေးပါဦး။
ဒီနေ့တော့ ခါတိုင်းထက် ပိုပေးပါနော် ဖေဖေ။

ဘာဖြစ်လို့လဲသမီးရဲ့ ?

ကျောင်းမှာသူငယ်ချင်းတွေနဲ့ပိုက်ဆံစုနေတာဖေဖေရဲ့  . . .

ဟုတ်လား . . . ဘာအတွက်လဲ?

ဧရာဝတီမြစ်ကြီးကို ဝယ်ချင်လို့ပါ ဖေဖေ . . .။

ဟေ...!!! ဘာလို့ဝယ်ချင်ရတာလဲသမီးက?

သမီးတို့ပုဂံကိုသွားတုန်းကလေ. . . သီရိပစ္စယာဟိုတယ်ကနေ ဧရာဝတီမြစ်ကြီးရဲ့
နေဝင်ချိန်ကိုငေးကြည့်နေတာ . . . သိပ်လှတာပဲ ဖေဖေရဲ့။

အဲဒီဧရာဝတီမြစ်ကြီးရဲ့ ညနေဆည်းဆာအလှကို ထိုင်ကြည့်နေရတာကို သမီးအရမ်းသဘောကျတယ်။ အဲလောက်လှတဲ့ ဧရာဝတီမြစ်ကြီးပျက်စီးသွားရင် နှမျောစရာကြီးဖေဖေရဲ့ ။
အဲဒါကြောင့် . . . အဲဒီဧရာဝတီမြစ်ကြီးကို အပိုင်ဝယ်ထားချင်လို့ပါ ဖေဖေ။

သြော်.... အဲဒါပိုက်ဆံနဲ့ဝယ်လို့မရဘူး သမီးရဲ့ ။

အဲဒါဆို ဘာနဲ့ဝယ်ရတာလဲဟင်?

မျိုးချစ်စိတ်နဲ့ဝယ်ရတယ် သမီးလေးရဲ့။

အဲဒါရဖို့ ဘယ်လောက်လိုလဲဟင်..?

ဘယ်လောက်မှ မလိုပါဘူးသမီးလေးရယ်..။

အဲဒီအတွက် တကယ်လိုအပ်တာက လူနှစ်ဆယ်လောက်ပဲလိုတာပါ။
==============================

(ဒါရိုက်တာ မောင်မျိုးမင်း - ရင်တွင်းဖြစ်ရဲ့ FB-ကနေ ကူးယူကာ တချို့စကားလေးများ နဲနဲဖြည့်စွက်ပြီး ပြန်လည် မျှဝေပါတယ်) 

ဒါရိုတ်တာ မောင်မျိုးမင်းဖေ့စ်ဘုတ်


0 comments:

Post a Comment

Note: Only a member of this blog may post a comment.

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Skull Belt Buckles