၂၀၁၀-လောက်က ဖတ်မိတဲ့ ပို့စ်တခုပါ။ ကိုယ့်ခန္ဓာကိုယ်အကြောင်း ဝေဘန်ကြည့်ထားတဲ့ ပို့စ်လေးပါ။
(ဖတ်မိခဲ့တဲ့ မူရင်းဆိုက်ကိုတော့ မမှတ်မိတော့သဖြင့် ref-မပေးနိုင်တာကို နားလည် ပေးပါ။)

လူတွေမှာ ဘာလို့ မျက်လုံး နှစ်လုံး ပါနေလဲသိလား…?
တစ်ဖက်ထဲနဲ့ ကြည့်ရင် အမြင်မှားတတ်လို့လေ၊
အဲဒါကြောင့်… တစ်စုံတစ်ယောက်၊ တစ်စုံတစ်ရာကို ကြည့်မယ်ဆိုရင်
ဘယ်တော့မှ တစ်ခါထဲနဲ့ မဆုံးဖြတ်ပါနဲ့
အနည်းဆုံး နှစ်ခါပြန်ကြည့်ပြီးမှ ကောက်ချက်ချက်တာ ပိုမှန်ပါလိမ့်မယ်။
လူတွေနဲ့ နှာခေါင်းက ဘာလို့ မျက်နှာပေါ်မှာ ချွန်ထွက်ပြီး
ရှည်ရှည်လေး ဖြစ်နေလဲသိလား…?
လေကောင်းလေသန့်ကို သူအရင်ဆုံး ရအောင်လို့ပေါ့၊
ပြီးတော့ နှာခေါင်း လမ်းကြောင်း တစ်လျှောက် အဆင့်ဆင့် စစ်ပြီးမှ အဆုတ်ထဲရောက်တာ
အဲဒါကြောင့် တမင်တကာကြီး မကောင်းတဲ့ အရာတွေကို ရှူမထည့်ကြပါနဲ့။
လူတွေရဲ့ ပါးစပ်မှာ ဘာလို့ နှုတ်ခမ်း ပါနေလဲသိလား…?
ထွက်သွားတဲ့ လေကို ထိန်းဖို့ပေါ့၊
အဲဒါကြောင့်… ပြောတဲ့ စကားတိုင်းကိုလဲ… အထိန်းအကွတ်ရှိ လို့လိုပါတယ်။
လူတွေရဲ့ နားရွက်က…ဘာလို့ ပြားပြားထောင်ထောင်ကြီးနဲ့ နှစ်ဖက်ရှိနေလဲ သိလား…?
များများ နားထောင်နိုင်အောင်လို့ပေါ့၊ နောက်ပြီး နှစ်ဖက်ကြားအောင်၊
အဲဒါကြောင့်…. ကိုယ်နားထောင်ချင်တဲ့ စကားပဲ နားထောင်တာမျိုး မလုပ်သင့်ပါဘူး၊
နောက်ပြီး ဘယ်တော့မှ တစ်ဖက်ထဲက စကားကို နားမယောင်သင့်ဘူးနော်။
နောက်ပြီး နားရွက်က နှစ်ဖက်ရှိပြီး ပါးစပ်က တစ်ပေါက်ထဲရှိတာနော်၊
အဲဒါကတော့… နားထောင်တာနဲ့ပြောတာရဲ့ အချိုးက နှစ်ချိုး တစ်ချိုး ရှိသင့်တယ်လို့ ဆိုတာပါပဲ။
နောက်ပြီး လက်က ဘာလို့ နှစ်ဖက်ရှိပြီး ဦးနှောက်က တစ်လုံးထဲ ရှိနေတာလဲ သိလား…?
အလုပ်ကို များများလုပ်ပြီး စဉ်းစားတာကို နည်းနည်းပဲ စဉ်းစားဖို့လေ….၊
မစဉ်းစားပဲ အလုပ်ချည်းပဲ လုပ်နေလို့ မဖြစ်သလို…. မလုပ်ပဲ စဉ်းစားချည်းပဲ
စဉ်းစားနေလို့ မဖြစ်ဘူးလေ… သူလဲ နှစ်ချိုး တစ်ချိုးပဲ။
ဘာလို့ ဦးနှောက်က အပေါ်ရောက်နေပြီး နှလုံးသားက အောက်ရောက်နေလဲ သိလား...?
ခံစားချက်နဲ့ ဦးနှောက်နဲ့ ယှဉ်လာရင်… ဦးနှောက်ကို ဦးစားပေးပါတဲ့၊
ကိုယ့်ကိုကိုယ် ပြန်ကြည့် လိုက်မယ်ဆိုရင်….
ဘ၀မှာ ကိုယ်ဘယ်လို နေထိုင်သင့်သလဲဆိုတာ….
သဘောပေါက် နားလည်နိုင်ပါတယ်၊
စေ့စေ့တွေးလေ သဘောပေါက်လေပေါ့…။
ဘယ်အရာမဆို… သူ့ အကြောင်းပြချက်နဲ့ သူရှိပါတယ်…. နားလည်တတ် ကြည့်တတ်ဖို့ ပဲလိုတာပါ….။

0 comments:
Post a Comment
Note: Only a member of this blog may post a comment.