Saturday, September 24, 2011

မိခင်ကို စောင့်ရှောက်ဖို့ သားသမီးတို့မှာ တာဝန်ရှိသည်

အမိမြန်မာနိုင်ငံမှာ ယနေ့ အသိပညာရှင်, အတတ်ပညာရှင်, စာပေပညာရှင်, အနုပညာရှင်စတဲ့ ပညာရှင် အလွှာအသီးသီးကနေ မိခင်ဧရာဝတီကြီး ကမ္ဘာမြေပေါ်ကနေ ပျောက်ကွယ်, ပျက်စီးသွားမည့်အရေး ရတက်မအေးဖွယ်ရာကို သိမြင်ကြပြီး မိခင်ကို ကာကွယ်ဖို့ စွမ်းနိုင်တဲ့ အသိ, အတတ်, ကလောင်စွမ်းအား, ယဉ်ကျေးမှုအမြင်များဖြင့် ကြိုးစားနေကြပါတယ်။
အဲဒီထဲမှာ သားသားလေး ဘာပညာရှင်ထဲမှတော့ မပါဝင်ပါဘူး၊ ဘလော့ဂါ ပညာရှင်လို့ ပြောရအောင်လည်း ဘာမှ မယ်မယ်ရရ သူတပါးကို အသိပညာရအောင် မလုပ်တတ်ပါဘူး။
ဒါပေမယ့် တတ်သမျှလေးနဲ့ ဖန်တီးထားတဲ့ ဒီပုံလေးနှင့် မိခင်အတွက် ရတက်မအေးဖွယ်ရာ သားသားလေးရဲ့ ရင်တွင်းခံစားချက်လေးအဖြစ် တင်ပြလိုက်ပါတယ်။ မိခင်အသက်ရှည်လျှက် အမိရဲ့ မြန်မာနိုင်ငံတော်ကြီးအတွက် ဆက်လက်ပြီး အသက်ရှည်ပေးပါလို့ ဆုမွန်ကောင်း တောင်းလျှက်....


သားသားလေးသည်ရှိတဲ့ “မိခင်ဧရာဝတီ”အတွက် ဂုဏ်ပြုသီဆိုထားသော သီချင်းများထဲမှ သားသားလေး အကြိုက်ဆုံး သီချင်းတစ်ပုဒ်ဖြစ်တဲ့ “ခင်မောင်သန်းလေး”ဆိုထားတဲ့ “မမေ့သောဧရာဝတီ” သီချင်းကိုလည်း ဒေါင်းရလွယ်ကူအောင်, မူရင်းအသံလည်း မပျက်အောင် ဖန်တီးပြီး File-ချုံ့ကာ တင်ပေး လိုက်ပါတယ်။
မိခင်ဧရာဝတီရဲ့ သားကောင်း, သမီးရတနာများ ကျရာတာဝန်ကနေ မိခင်ကို ကာကွယ်နိုင်ကြပါစေလို့ မိခင်ဧရာဝတီရဲ့ သားသမီးများဖြစ်ကြတဲ့ ညီလေး, အကိုကြီးများ, ညီမ, အမများကို ဒီပို့စ်လေးနဲ့ အတူ နှိုးဆော်လိုက်ရပါတယ်။

0 comments:

Post a Comment

Note: Only a member of this blog may post a comment.

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Skull Belt Buckles